Thursday, 18 June 2015

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေး တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ၀င်ခွင့်အရည်အချင်းစစ် စာမေးပွဲအတွက် မေးခွန်းနမူနာ ပုံစံများအား www.myawady.net.mm/entranceform တွင် Download ရယူ၍ လေ့လာနိုင်ပြီး အောက်ပါ Facebook စာမျက်နှာများတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
(က) မြ၀တီ Facebook စာမျက်နှာ (www.facebook.com/mwdmedia)
--------------------------------------
(၁) စစ်တက္ကသိုလ်ဝင်ခွင့်နမူနာမေးခွန်းလွှာ www.facebook.com/mwdmedia/posts/797449383705535
(၂) တပ်မတော်နည်းပညာတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797319173718556
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797319467051860
(၃) တပ်မတော်ဆေးတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797294230387717
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797318963718577
( ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာ (www.facebook.com/Cincds)
--------------------------------------------
(၁) စစ်တက္ကသိုလ်ဝင်ခွင့်နမူနာမေးခွန်းလွှာ www.facebook.com/Cincds/posts/790502861070581
(၂) တပ်မတော်နည်းပညာတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790415297746004
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790415517745982
(၃) တပ်မတော်ဆေးတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790371194417081
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790375824416618

Wednesday, 17 June 2015

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ နည်းပညာဖိုရမ် (Army 2015)ကို ရုရှားနိုင်ငံ၊ မော်စကိုရှိ ကူဘင်ကာ လေတပ် အခြေစိုက်စခန်းမှာ ဖွင့်လှစ်ခဲ့ရာ စစ်ဘက်ဆိုင်ရာ နောက်ဆုံးပေါ် နည်းပညာများကို ပြသခဲ့တယ်လို့ သိရပါသည်။ (၄)ရက်တာ ဖိုရမ်အတွင်းမှာ (အက်စ်ယူ-၃၀) တိုက်ခိုက်ရေး ဂျက်နှင့် (အမ်-၂၈အန်န်) ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းမျိုးစုံကို ပြသသွားမှာ ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမီယာပူတင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ရုရှား၏ စစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ရုရှား စစ်တပ်အနေဖြင့် ယခုနှစ်အတွင်းမှာ တိုက်ချင်းပစ် ဒုံးကျည် (၄၀)ကျော်ကိုလည်း ထပ်မံဖြည့်တင်း သွားမည်ဖြစ်ပါသည်။ ထို့ပြင် ယခုနှစ် ဖိုရမ်အတွင်း ရုရှားတပ်ဖွဲ့အနေဖြင့် စစ်လက်နက်ပစ္စည်း (၁)သိန်း (၂)သောင်းကျော်ကို ပထမဆုံး လေလံတင် ရောင်းချသွားမှာလည်း ဖြစ်ပါသည်။ ဖိုရမ်ကို လာမည့် သောကြာနေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး လူပေါင်း တစ်သိန်းကျော်ကို ဆွဲဆောင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း
မော်စကို ဇွန် (၁၆)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင် သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ယမန်နေ့ညပိုင်းတွင် ထွက်ခွာခဲ့ရာ ယနေ့နံနက် (ဒေသစံတော်ချိန်)၈ နာရီခွဲ တွင် ရုရှားနိုင်ငံ မော်စကိုမြို့ ဒိုမိုဒီဒိုဗို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြ ရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင် များ အား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု နှင့် သံရုံးမှ တာဝန်ရှိ သူများ ၊ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ က လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ သည် ခေတ္တတည်းခိုနေထိုင် မည့် မော်စကို မြို့ ပရဲစီးဒင့်တ်ဟိုတယ်သို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ Nuclear Research Institute သို့ ရောက်ရှိကြရာ Head of Crissis Center Rosenergoatom ဖြစ်သူ Mr. Vladimir Hlebtsevich က အစည်းအဝေး ခန်းမ၌ စင်တာ အနေဖြင့် (၁၅) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဆိုင်ရာများနှင့် ၀ိုင်းဝန်းပံ့ပိုး အကြံဥာဏ် ပေး ကူညီလျက်ရှိသည့် အဖွဲ့အစည်းဆိုင်ရာများ၊ နူကလီးယားပါဝါဆိုင်ရာ ဆောင်ရွက် ချက်များအပေါ် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေမှု အခြေအနေ ဆိုင်ရာ များ၊ ရုရှားနိုင်ငံ၏ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းကာ အရေးပေါ်အခြေအနေ ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်ဆိုင်ရာများ ၊ နူကလီးယား ထိန်းချုပ်မှု ဆိုင်ရာများနှင့် စနစ်တကျစီမံခန့်ခွဲ ကွပ်ကဲဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင် ပညာရှင် များက စနစ်တကျလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကမ္ဘာ တစ်ဝန်းရှိ နူကလီးယားလုပ်ငန်း ဆိုင်ရာများ လုပ်ကိုင် ဆောင်ရွက်နေကြ သည့် နိုင်ငံများစွာနှင့် ပူးပေါင်းကာစနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက် နေမှု အခြေအနေများအပေါ် အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အရေးပေါ်အခြေအနေမျိုးနှင့် ကြုံဆုံလာရသည့် အခြေအနေ မျိုးတွင် နူကလီးယားပါဝါထိန်းချုပ်မှုများနှင့် စပ်လျဉ်း၍ စနစ်တကျ စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းစဉ် အခြေအနေများမှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် သိရှိလိုသည့် အချက်အလက် များကို မေးမြန်းကြရာ Mr. Vladimir Hlebtsevich က အသေးစိတ် ပြန်လည် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် Nuclear Research Institute အတွင်းလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသ ကြသည်။
ထို့နောက် ဒုတိယသမ္မတက Mr. Vladimir Hlebtsevich အား အမှတ်တရ လက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။

Monday, 8 June 2015

ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မှုခင်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မှု ပြုလုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမှုဟာ ဟောင်ကောင် ဒေသ တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တဲ့ အထိ  ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့

    အသက် (၃၁)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဟင်နရီချောင်ဟာ အသက် (၆၃)နှစ်ရှိပြီ ဖြစ်တဲ့ မိခင်နဲ့  အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဖခင်တို့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ် စားသောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဦးခေါင်းတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ မိဘတွေနဲ့ စကားများ ပြီးနောက် သူငယ်ချင်း ဖြစ်သူရဲ့အိမ်ကိုခေါ် သွားပြီး  သတ်ဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။

  ဟင်နရီချောင်ဟာ ပီယာနိုတီးခတ်သူ တစ်ဦး ဖြစ်ပြီး၊ ဘ၀ကို ပေါ့ပေါ့တွေးခဲ့ တာကြောင့် မိဘတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ မိဘနှစ်ပါးက အလုပ်လုပ်ဖို့ တွန်းအားပေး တာနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ခဲ့ပါတယ်။ ပာင်နရီချောင်ရဲ့ အစ်ကိုဖြစ်သူဟာ မိဘနှစ်ပါး ပျောက်ဆုံးနေ တာမို့ စုံစမ်းရာမှ တစ်ဆင့် ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 ဟင်နရီချောင်ပာာ မိဘတွေပျောက်နေ တာကို တရုတ်ပြည်မကြီး သွားလည်ခဲ့ တယ်လို့ လိမ်ညာခဲ့ ပါတယ်။ ဒီနောက် ဟင်နရီချောင်ကို စုံစမ်းခဲ့ရာမှာ သူ့ သူငယ်ချင်းအိမ်က ရေခဲသေတ္တာထဲမှာ မိဘနှစ်ပါးရဲ့ ဦးခေါင်းတွေကို သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ ဦးခေါင်းတွေကို သိမ်းဆည်းပြီး ကျန်တဲ့ အပိုင်းအစတွေကို ချက်ပြုတ်စားသောက် လိုက်ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ပါတယ်။ အလောင်းတွေကို ဖျောက်ပစ်လိုတာကြောင့် ဒီလိုလုပ်ခဲ့ခြင်း ဖြစ်ပုံရ တယ်လို့ ယူဆထား ပါတယ်။

 တရားသူကြီးကတော့ ဟင်နရီချောင်ရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတာ ကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

 ဟင်နရီချောင်ဟာ ဒီဖြစ်ရပ်ကို မကျူးလွန်ခင် ခြောက်လ အလိုမှာ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဟင်နရီချောင်ရဲ့ သူငယ်ချင်း ဖြစ်သူဟာ ပူးပေါင်း ကြံစည်ခဲ့ပေမယ့် ထောင်ဒဏ် တစ်နှစ်သာ ချမှတ်ခံရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟင်နရီချောင်ဟာ သူငယ်ချင်းဖြစ်သူရဲ့ မိဘတွေကိုပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ တာကြောင့် ကူညီပေးခဲ့ ရတာ ဖြစ်ပါတယ်။
သားအရင်းက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက် ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဂရမ်မီဆု ဇကာတင်စာရင်းမှာ ငါးကြိမ်ဝင်ရောက်ဖူးတဲ့ ကမ္ဘာကျော်ဟစ်ဟော့အဆိုတော် Akon ဟာ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး အရှင် ဧဣနဆိုတဲ့ ဘွဲတော်နဲ့ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီလို့ ဗြိတိန်အခြေစိုက် Newsaline သတင်းဌာနရဲ့ သတင်းဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
Akon ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဗုဒ္ဓဘာသာကို စော်ကားခဲ့မိတယ်လို့လည်း ဝန်ခံသွားပါတယ်။ ၄င်းရဲ့ music video တွေမှာ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေကို မလျော်မကန်အသုံးပြုမှုကြောင့် Akon ကို နိုင်ငံတကာမီဒီယာ စာမျက်နှာတွေမှာ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ယခုက Akon လို့လူသိများတဲ့ အရှင် ဧဣနက
“ဒါဟာ ကျွန်တော့်ဘဝရဲ့ အရိပ်မဲကြီးပေါ့ဗျာ။ ဒီလိုဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားခဲ့တဲ့အတွက်ကြောင့်လည်း ကျွန်တော် ဒီတစ်သက် နောင်တရလို့မဆုံးပါဘူး။ အဲ့တုန်းက ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းမှုကို ကျွန်တော်ဘာဆိုဘာမှ မသိခဲ့ဘူး။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘာကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့လဲလို့ မေးတဲ့အခါမှာ ဗုဒ္ဓဘာသာကို နောက်ပိုင်းနှစ်များတွင် ထဲထဲဝင်ဝင်လေ့လာခဲ့ကြောင်း၊ တရားဓမ္မရဲ့ အနှစ်သာရကိုတွေ့ရှိခဲ့ကြောင်း၊ ဒါကြောင့်နောက်ဆုံးမှာ မိမိရဲ့အမှားတွေကို ဆေးကြောတဲ့အနေနဲ့ မြင့်မြတ်တဲ့ သာသနာ့ဘောင်ကို ဝင်ဖို့အထိ ဆုံးဖြတ်လိုက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Akon ဟာ ဒေါ်လာ ဆယ်သန်းကျော်ရှိတဲ့ ၄င်းပိုင်ဆိုင်သမျှတွေကိုလည်း ရောင်းချပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို အကုန်လှူဒါန်းသွားမယ်လို့လည်း ထပ်မံပြောကြားသွားခဲ့ပါတယ်။
တပ်ထဲကို လာပြီး မဲဆွယ်ခွင့်ရမှာ တရားတဲ့ရွေးကောက်ပွဲတဲ့ ...
အေးပါဗျာ ....
ရွေးကောက်ပွဲနီးမှ၊ စစ်တပ်ထဲတောင် မဲဆွယ်ချင်သတဲ့ .... ။
သူပုန်သေလို့ လွမ်းသူ့ ပန်းခွေးချပြီး၊ စစ်သားကျဆုံးတော့ နည်းတောင်နည်းသေးလို့ပြောခဲ့သူတွေ ....။
ကုန်းကြမ်းမှာ ဖြစ်တုန်းကရော၊ လဂျားယန်းကိစ္စတွေရော ....
ဖြစ်သမျှ ဖြစ်စဉ်တိုင်းမှာ တပ်မတော်သားတွေကို ချိုးနှိမ်ပြောဆိုခဲ့တဲ့သူတွေ ....။
မအေနှမ ရစရာမရှိအောင်ပြောနေခဲ့သလို၊ တပ်မိသားစုတွေကို စစ်ခွေးမယား၊ စစ်ခွေးသားဆိုပြီး
လက်ညိုးငေါက်ငေါက်ထိုး၊ လှောင်ပြောင်ပျက်ရယ်ပြုခဲ့တာတွေ ....။
ကျွန်တော်တို့ တပ်မတော်သားတွေ ထမင်းကြမ်းကို ငါးပိနဲ့ အဟာရ ဖြစ်အောင်စားနေချိန်၊ ခဗျားတို့ ဘာအလုပ်မှ မလုပ်ပဲ နိုင်ငံရေးသမားနာမည်နဲ့ စားကောင်းသောက်ဖွယ်စားနေချိန်တွေ ....။
တပ်မိသားစုတွေ မျက်ရည်နဲ့ လင်ယောက်ျား၊ဖခင်ကို စိုးရိမ်တကြီး ပူဆွေးနေချိန်၊
ခဗျားတို့က မိဘ၊သားမယားဘေးမှာထားပြီး စစ်ခွားမိသားစုလို့ ပြစ်တင်ပြောဆိုနေချိန်တွေ ....။
ရှည်ရှည်ဝေးဝေးမပြောချင်ဘူးဗျာ ...
တပ်ကိုလာပြီး မဲဆွယ်ခွင့်မပေးတာ ...
ခင်ဗျားတို့ ကံကောင်းတယ်မှတ်ပါ....။
တပ်တစ်တပ်ကိုဝင်ပြီး ခဗျားတို့ အသက်မပါပဲ ပြန်ထွက်သွားတဲ့အဖြစ်မျိုးမဖြစ်စေချင်လို့ဆိုတာ သိစေချင်တယ်၊ ခဗျားလုပ်ရပ်တွေကို ကျွန်တော်တို့ တပ်မိသားစုတွေ အရမ်းကိုရွံမုန်းနေခဲ့ပါပြီ။
ခဗျားတို့ရဲ့ ကလိန်ကကျစ်ဥာဏ်တွေနဲ့ တပ်ထဲလာပြီးသွေးခွဲ၊ မကွဲတဲ့အခါ လုပ်ဇတ်တွေနဲ့ ပြည်သူနဲ့ တပ်ကို သွေးခွဲတဲ့ ရှေးဟောင်းဗျူဟာတွေနဲ့ မဲဆွယ်ချင်တဲ့ ခဗျားတို့ရဲ့ အသုံးမကျတဲ့ ဥာဏ်တွေကို ဘေးဖယ်ထားလိုက်ပါ၊ ခုချိန်မှာ တပ်ကို မဲမဆွယ်ခင်၊ ပြည်သူကိုပဲ ရအောင် ခဗျားတို့ ဘာလုပ်ဆောင်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ အရင်မဲဆွယ်ကြည့် .....