ဂရမ်မီဆု ဇကာတင်စာရင်းမှာ ငါးကြိမ်ဝင်ရောက်ဖူးတဲ့
ကမ္ဘာကျော်ဟစ်ဟော့အဆိုတော် Akon ဟာ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို
ကူးပြောင်းပြီး အရှင် ဧဣနဆိုတဲ့ ဘွဲတော်နဲ့ သာသနာ့ဘောင်ကို
ဝင်ရောက်သွားပြီလို့ ဗြိတိန်အခြေစိုက် Newsaline သတင်းဌာနရဲ့
သတင်းဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
Akon ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဗုဒ္ဓဘာသာကို စော်ကားခဲ့မိတယ်လို့လည်း ဝန်ခံသွားပါတယ်။ ၄င်းရဲ့ music video တွေမှာ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေကို မလျော်မကန်အသုံးပြုမှုကြောင့် Akon ကို နိုင်ငံတကာမီဒီယာ စာမျက်နှာတွေမှာ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ယခုက Akon လို့လူသိများတဲ့ အရှင် ဧဣနက
“ဒါဟာ ကျွန်တော့်ဘဝရဲ့ အရိပ်မဲကြီးပေါ့ဗျာ။ ဒီလိုဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားခဲ့တဲ့အတွက်ကြောင့်လည်း ကျွန်တော် ဒီတစ်သက် နောင်တရလို့မဆုံးပါဘူး။ အဲ့တုန်းက ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းမှုကို ကျွန်တော်ဘာဆိုဘာမှ မသိခဲ့ဘူး။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘာကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့လဲလို့ မေးတဲ့အခါမှာ ဗုဒ္ဓဘာသာကို နောက်ပိုင်းနှစ်များတွင် ထဲထဲဝင်ဝင်လေ့လာခဲ့ကြောင်း၊ တရားဓမ္မရဲ့ အနှစ်သာရကိုတွေ့ရှိခဲ့ကြောင်း၊ ဒါကြောင့်နောက်ဆုံးမှာ မိမိရဲ့အမှားတွေကို ဆေးကြောတဲ့အနေနဲ့ မြင့်မြတ်တဲ့ သာသနာ့ဘောင်ကို ဝင်ဖို့အထိ ဆုံးဖြတ်လိုက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Akon ဟာ ဒေါ်လာ ဆယ်သန်းကျော်ရှိတဲ့ ၄င်းပိုင်ဆိုင်သမျှတွေကိုလည်း ရောင်းချပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို အကုန်လှူဒါန်းသွားမယ်လို့လည်း ထပ်မံပြောကြားသွားခဲ့ပါတယ်။

0 comments :
Post a Comment