သစ်ခုတ်သည့်ကိစ္စဖြင့် အစိုးရကဖမ်းဆီးထားသူများကို ဥပဒေအရ အရေးယူမည့်အပေါ်
‘၀’လက်နက်ကိုင်အဖွဲ့ကသဘော တူလိုက်ပြီး အပြန်အလှန်ဝိုင်းထား သည့်
နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရေးကိုလည်း နှစ်ဖက်ကြား
ဆွေးနွေးသဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးနှင့် ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါ တီ/တပ်မတော်(UWSP/UWSA) ဗဟိုကော်မတီဝင်ဦးအောင်မြင့် တို့ ဇွန်လ ၆ ရက်က ဖုန်းဖြင့်ဆက် သွယ်ဆွေးနွေးပြောကြားခဲ့ကြပြီး နောက် ယင်းကဲ့သို့ သဘောတူညီ ကြခြင်းဖြစ်သည်။
‘‘သစ်ခုတ်တဲ့အဖွဲ့အနေနဲ့ ဥပဒေအရဖြစ်တယ်ဆိုရင် ကျွန် တော်တို့ဘက်ကလက်ခံပါတယ်။ ဖမ်းထားတဲ့သူတွေကို တရားရုံး မှာ စစ်ဆေးဖို့တင်မယ်လို့ တိုင်မှူး ကပြောတယ်။ နှစ်ဖက်စလုံးတပ် တွေပြန်ရုပ်ဖို့လည်း သဘောတူ တယ်။ တိုင်းမှူးကလည်း သဘော ထားဆန္ဒရှိပါတယ်’’ဟု ဦးအောင် မြင့်ကပြောကြားသည်။ သို့သော် နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ၀ိုင်းထားသည့် မြန်မာ-ထိုင်းနယ် စပ် ရှမ်းပြည်နယ်အရှေ့တောင် ပိုင်း မိုင်းတုံ-ပုံပါကျင်ဒေသတွင် ဇွန်လ ၆ ရက်ညအထိ နှစ်ဖက် တပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ထိပ်တိုက် တွေ့ဝိုင်းထားဆဲဖြစ်ကြောင်း လည်း သတင်းရရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရတပ်ဖွဲ့အား မေးမြန်းရန် ဇွန်လ ၆ ရက်ညတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှုမရှိပေ။
မိုင်းတုံနှင့်ပုံပါကျင်မြို့နယ် ခွဲကြားရှိ တောင်ခြေတွင် သစ် ထုတ်လုပ်နေသည့် UWSAတပ်ဖွဲ့ ၀င်အချို့ကို ဇွန်လဆန်း၌ မိုင်း တုံအခြေစိုက်အစိုးရတပ်မတော် နှင့် သစ်တော၊ ရဲတပ်ဖွဲ့တို့ပါဝင် သော ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခဲ့သည်။ယင်းသို့ဖမ်းဆီးပြီး နောက် ဇွန်လ ၄ ရက်တွင် အစိုးရ ပူးပေါင်းလှုပ်ရှားစစ်ကြောင်းကို UWSA တပ်ရင်းနှစ်ရင်းက ၀ိုင်း ထားသည်ဟုဆိုသည်။
UWSA သစ်ခုတ်သည့်နေရာ မှာ ‘၀’ ထိန်းချုပ်နယ်မြေမဟုတ်ဘဲ အစိုးရသစ်တောကြိုးဝိုင်းအတွင်း ရှိ သစ်များဖြစ်ကြောင်း၊ ပြည် ထောင်စုအစိုးရ၏ ဖမ်းဆီးမှုဖြစ် ပြီး ဥပဒေအရ ဖမ်းဆီးခြင်းဖြစ် ကြောင်း၊ နှစ်ဖက်တပ်ဖွဲ့ထိပ်တိုက် တွေ့ဆုံမှုမှာမူ လက်နက်ကိုင်ပြ ဿနာဖြစ်၍ တပ်မတော်ကဖြေ ရှင်းရမည်ဖြစ်ကြောင်း ရှမ်းပြည် နယ်အစိုးရ သတ္တုနှင့်သစ်တောဝန် ကြီးဦးစိုင်းအိုက်ပေါင်းက 7 Day Daily အား ဇွန်လ ၆ ရက်တွင် ဖြေကြားခဲ့သည်။
အစိုးရတပ်မတော်နှင့်ရဲတပ် ဖွဲ့ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခဲ့သည့် သစ်ခုတ်သူမှာ ၁၆ ဦးဖြစ်ပြီး တရုတ်လူမျိုးခြောက်ဦး ပါဝင်နေကြောင်း သတင်းရရှိသည်။

0 comments :
Post a Comment