နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ နည်းပညာဖိုရမ် (Army 2015)ကို ရုရှားနိုင်ငံ၊
မော်စကိုရှိ ကူဘင်ကာ လေတပ် အခြေစိုက်စခန်းမှာ ဖွင့်လှစ်ခဲ့ရာ စစ်ဘက်ဆိုင်ရာ
နောက်ဆုံးပေါ် နည်းပညာများကို ပြသခဲ့တယ်လို့ သိရပါသည်။ (၄)ရက်တာ
ဖိုရမ်အတွင်းမှာ (အက်စ်ယူ-၃၀) တိုက်ခိုက်ရေး ဂျက်နှင့် (အမ်-၂၈အန်န်)
ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းမျိုးစုံကို ပြသသွားမှာ ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ
ဗလာဒီမီယာပူတင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ရုရှား၏ စစ်လက်နက်
ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ရုရှား
စစ်တပ်အနေဖြင့် ယခုနှစ်အတွင်းမှာ တိုက်ချင်းပစ် ဒုံးကျည် (၄၀)ကျော်ကိုလည်း
ထပ်မံဖြည့်တင်း သွားမည်ဖြစ်ပါသည်။ ထို့ပြင် ယခုနှစ် ဖိုရမ်အတွင်း
ရုရှားတပ်ဖွဲ့အနေဖြင့် စစ်လက်နက်ပစ္စည်း (၁)သိန်း (၂)သောင်းကျော်ကို ပထမဆုံး
လေလံတင် ရောင်းချသွားမှာလည်း ဖြစ်ပါသည်။ ဖိုရမ်ကို လာမည့် သောကြာနေ့အထိ
ကျင်းပသွားမှာ ဖြစ်ပြီး လူပေါင်း တစ်သိန်းကျော်ကို ဆွဲဆောင်
နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း
Wednesday, 17 June 2015
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment