Thursday, 18 June 2015

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေး တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ၀င်ခွင့်အရည်အချင်းစစ် စာမေးပွဲအတွက် မေးခွန်းနမူနာ ပုံစံများအား www.myawady.net.mm/entranceform တွင် Download ရယူ၍ လေ့လာနိုင်ပြီး အောက်ပါ Facebook စာမျက်နှာများတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
(က) မြ၀တီ Facebook စာမျက်နှာ (www.facebook.com/mwdmedia)
--------------------------------------
(၁) စစ်တက္ကသိုလ်ဝင်ခွင့်နမူနာမေးခွန်းလွှာ www.facebook.com/mwdmedia/posts/797449383705535
(၂) တပ်မတော်နည်းပညာတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797319173718556
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797319467051860
(၃) တပ်မတော်ဆေးတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797294230387717
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/mwdmedia/posts/797318963718577
( ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာ (www.facebook.com/Cincds)
--------------------------------------------
(၁) စစ်တက္ကသိုလ်ဝင်ခွင့်နမူနာမေးခွန်းလွှာ www.facebook.com/Cincds/posts/790502861070581
(၂) တပ်မတော်နည်းပညာတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790415297746004
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790415517745982
(၃) တပ်မတော်ဆေးတက္ကသိုလ်ဝင်ခွင့် နမူနာမေးခွန်းလွှာ
(ကက) ၂၀၁၃ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790371194417081
( ခခ ) ၂၀၁၄ ခုနှစ်မေးခွန်း www.facebook.com/Cincds/posts/790375824416618

Wednesday, 17 June 2015

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ နည်းပညာဖိုရမ် (Army 2015)ကို ရုရှားနိုင်ငံ၊ မော်စကိုရှိ ကူဘင်ကာ လေတပ် အခြေစိုက်စခန်းမှာ ဖွင့်လှစ်ခဲ့ရာ စစ်ဘက်ဆိုင်ရာ နောက်ဆုံးပေါ် နည်းပညာများကို ပြသခဲ့တယ်လို့ သိရပါသည်။ (၄)ရက်တာ ဖိုရမ်အတွင်းမှာ (အက်စ်ယူ-၃၀) တိုက်ခိုက်ရေး ဂျက်နှင့် (အမ်-၂၈အန်န်) ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းမျိုးစုံကို ပြသသွားမှာ ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမီယာပူတင် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ရုရှား၏ စစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ရုရှား စစ်တပ်အနေဖြင့် ယခုနှစ်အတွင်းမှာ တိုက်ချင်းပစ် ဒုံးကျည် (၄၀)ကျော်ကိုလည်း ထပ်မံဖြည့်တင်း သွားမည်ဖြစ်ပါသည်။ ထို့ပြင် ယခုနှစ် ဖိုရမ်အတွင်း ရုရှားတပ်ဖွဲ့အနေဖြင့် စစ်လက်နက်ပစ္စည်း (၁)သိန်း (၂)သောင်းကျော်ကို ပထမဆုံး လေလံတင် ရောင်းချသွားမှာလည်း ဖြစ်ပါသည်။ ဖိုရမ်ကို လာမည့် သောကြာနေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး လူပေါင်း တစ်သိန်းကျော်ကို ဆွဲဆောင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း
မော်စကို ဇွန် (၁၆)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင် သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ယမန်နေ့ညပိုင်းတွင် ထွက်ခွာခဲ့ရာ ယနေ့နံနက် (ဒေသစံတော်ချိန်)၈ နာရီခွဲ တွင် ရုရှားနိုင်ငံ မော်စကိုမြို့ ဒိုမိုဒီဒိုဗို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြ ရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင် များ အား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု နှင့် သံရုံးမှ တာဝန်ရှိ သူများ ၊ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ က လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ သည် ခေတ္တတည်းခိုနေထိုင် မည့် မော်စကို မြို့ ပရဲစီးဒင့်တ်ဟိုတယ်သို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ Nuclear Research Institute သို့ ရောက်ရှိကြရာ Head of Crissis Center Rosenergoatom ဖြစ်သူ Mr. Vladimir Hlebtsevich က အစည်းအဝေး ခန်းမ၌ စင်တာ အနေဖြင့် (၁၅) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဆိုင်ရာများနှင့် ၀ိုင်းဝန်းပံ့ပိုး အကြံဥာဏ် ပေး ကူညီလျက်ရှိသည့် အဖွဲ့အစည်းဆိုင်ရာများ၊ နူကလီးယားပါဝါဆိုင်ရာ ဆောင်ရွက် ချက်များအပေါ် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေမှု အခြေအနေ ဆိုင်ရာ များ၊ ရုရှားနိုင်ငံ၏ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းကာ အရေးပေါ်အခြေအနေ ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်ဆိုင်ရာများ ၊ နူကလီးယား ထိန်းချုပ်မှု ဆိုင်ရာများနှင့် စနစ်တကျစီမံခန့်ခွဲ ကွပ်ကဲဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင် ပညာရှင် များက စနစ်တကျလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကမ္ဘာ တစ်ဝန်းရှိ နူကလီးယားလုပ်ငန်း ဆိုင်ရာများ လုပ်ကိုင် ဆောင်ရွက်နေကြ သည့် နိုင်ငံများစွာနှင့် ပူးပေါင်းကာစနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက် နေမှု အခြေအနေများအပေါ် အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အရေးပေါ်အခြေအနေမျိုးနှင့် ကြုံဆုံလာရသည့် အခြေအနေ မျိုးတွင် နူကလီးယားပါဝါထိန်းချုပ်မှုများနှင့် စပ်လျဉ်း၍ စနစ်တကျ စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းစဉ် အခြေအနေများမှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် သိရှိလိုသည့် အချက်အလက် များကို မေးမြန်းကြရာ Mr. Vladimir Hlebtsevich က အသေးစိတ် ပြန်လည် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် Nuclear Research Institute အတွင်းလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသ ကြသည်။
ထို့နောက် ဒုတိယသမ္မတက Mr. Vladimir Hlebtsevich အား အမှတ်တရ လက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။

Monday, 8 June 2015

ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မှုခင်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မှု ပြုလုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမှုဟာ ဟောင်ကောင် ဒေသ တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တဲ့ အထိ  ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့

    အသက် (၃၁)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဟင်နရီချောင်ဟာ အသက် (၆၃)နှစ်ရှိပြီ ဖြစ်တဲ့ မိခင်နဲ့  အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဖခင်တို့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ် စားသောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဦးခေါင်းတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ မိဘတွေနဲ့ စကားများ ပြီးနောက် သူငယ်ချင်း ဖြစ်သူရဲ့အိမ်ကိုခေါ် သွားပြီး  သတ်ဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။

  ဟင်နရီချောင်ဟာ ပီယာနိုတီးခတ်သူ တစ်ဦး ဖြစ်ပြီး၊ ဘ၀ကို ပေါ့ပေါ့တွေးခဲ့ တာကြောင့် မိဘတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ မိဘနှစ်ပါးက အလုပ်လုပ်ဖို့ တွန်းအားပေး တာနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ခဲ့ပါတယ်။ ပာင်နရီချောင်ရဲ့ အစ်ကိုဖြစ်သူဟာ မိဘနှစ်ပါး ပျောက်ဆုံးနေ တာမို့ စုံစမ်းရာမှ တစ်ဆင့် ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 ဟင်နရီချောင်ပာာ မိဘတွေပျောက်နေ တာကို တရုတ်ပြည်မကြီး သွားလည်ခဲ့ တယ်လို့ လိမ်ညာခဲ့ ပါတယ်။ ဒီနောက် ဟင်နရီချောင်ကို စုံစမ်းခဲ့ရာမှာ သူ့ သူငယ်ချင်းအိမ်က ရေခဲသေတ္တာထဲမှာ မိဘနှစ်ပါးရဲ့ ဦးခေါင်းတွေကို သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ ဦးခေါင်းတွေကို သိမ်းဆည်းပြီး ကျန်တဲ့ အပိုင်းအစတွေကို ချက်ပြုတ်စားသောက် လိုက်ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ပါတယ်။ အလောင်းတွေကို ဖျောက်ပစ်လိုတာကြောင့် ဒီလိုလုပ်ခဲ့ခြင်း ဖြစ်ပုံရ တယ်လို့ ယူဆထား ပါတယ်။

 တရားသူကြီးကတော့ ဟင်နရီချောင်ရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတာ ကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

 ဟင်နရီချောင်ဟာ ဒီဖြစ်ရပ်ကို မကျူးလွန်ခင် ခြောက်လ အလိုမှာ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဟင်နရီချောင်ရဲ့ သူငယ်ချင်း ဖြစ်သူဟာ ပူးပေါင်း ကြံစည်ခဲ့ပေမယ့် ထောင်ဒဏ် တစ်နှစ်သာ ချမှတ်ခံရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟင်နရီချောင်ဟာ သူငယ်ချင်းဖြစ်သူရဲ့ မိဘတွေကိုပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ တာကြောင့် ကူညီပေးခဲ့ ရတာ ဖြစ်ပါတယ်။
သားအရင်းက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက် ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဂရမ်မီဆု ဇကာတင်စာရင်းမှာ ငါးကြိမ်ဝင်ရောက်ဖူးတဲ့ ကမ္ဘာကျော်ဟစ်ဟော့အဆိုတော် Akon ဟာ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး အရှင် ဧဣနဆိုတဲ့ ဘွဲတော်နဲ့ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီလို့ ဗြိတိန်အခြေစိုက် Newsaline သတင်းဌာနရဲ့ သတင်းဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
Akon ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဗုဒ္ဓဘာသာကို စော်ကားခဲ့မိတယ်လို့လည်း ဝန်ခံသွားပါတယ်။ ၄င်းရဲ့ music video တွေမှာ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေကို မလျော်မကန်အသုံးပြုမှုကြောင့် Akon ကို နိုင်ငံတကာမီဒီယာ စာမျက်နှာတွေမှာ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ယခုက Akon လို့လူသိများတဲ့ အရှင် ဧဣနက
“ဒါဟာ ကျွန်တော့်ဘဝရဲ့ အရိပ်မဲကြီးပေါ့ဗျာ။ ဒီလိုဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားခဲ့တဲ့အတွက်ကြောင့်လည်း ကျွန်တော် ဒီတစ်သက် နောင်တရလို့မဆုံးပါဘူး။ အဲ့တုန်းက ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းမှုကို ကျွန်တော်ဘာဆိုဘာမှ မသိခဲ့ဘူး။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘာကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့လဲလို့ မေးတဲ့အခါမှာ ဗုဒ္ဓဘာသာကို နောက်ပိုင်းနှစ်များတွင် ထဲထဲဝင်ဝင်လေ့လာခဲ့ကြောင်း၊ တရားဓမ္မရဲ့ အနှစ်သာရကိုတွေ့ရှိခဲ့ကြောင်း၊ ဒါကြောင့်နောက်ဆုံးမှာ မိမိရဲ့အမှားတွေကို ဆေးကြောတဲ့အနေနဲ့ မြင့်မြတ်တဲ့ သာသနာ့ဘောင်ကို ဝင်ဖို့အထိ ဆုံးဖြတ်လိုက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Akon ဟာ ဒေါ်လာ ဆယ်သန်းကျော်ရှိတဲ့ ၄င်းပိုင်ဆိုင်သမျှတွေကိုလည်း ရောင်းချပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို အကုန်လှူဒါန်းသွားမယ်လို့လည်း ထပ်မံပြောကြားသွားခဲ့ပါတယ်။
တပ်ထဲကို လာပြီး မဲဆွယ်ခွင့်ရမှာ တရားတဲ့ရွေးကောက်ပွဲတဲ့ ...
အေးပါဗျာ ....
ရွေးကောက်ပွဲနီးမှ၊ စစ်တပ်ထဲတောင် မဲဆွယ်ချင်သတဲ့ .... ။
သူပုန်သေလို့ လွမ်းသူ့ ပန်းခွေးချပြီး၊ စစ်သားကျဆုံးတော့ နည်းတောင်နည်းသေးလို့ပြောခဲ့သူတွေ ....။
ကုန်းကြမ်းမှာ ဖြစ်တုန်းကရော၊ လဂျားယန်းကိစ္စတွေရော ....
ဖြစ်သမျှ ဖြစ်စဉ်တိုင်းမှာ တပ်မတော်သားတွေကို ချိုးနှိမ်ပြောဆိုခဲ့တဲ့သူတွေ ....။
မအေနှမ ရစရာမရှိအောင်ပြောနေခဲ့သလို၊ တပ်မိသားစုတွေကို စစ်ခွေးမယား၊ စစ်ခွေးသားဆိုပြီး
လက်ညိုးငေါက်ငေါက်ထိုး၊ လှောင်ပြောင်ပျက်ရယ်ပြုခဲ့တာတွေ ....။
ကျွန်တော်တို့ တပ်မတော်သားတွေ ထမင်းကြမ်းကို ငါးပိနဲ့ အဟာရ ဖြစ်အောင်စားနေချိန်၊ ခဗျားတို့ ဘာအလုပ်မှ မလုပ်ပဲ နိုင်ငံရေးသမားနာမည်နဲ့ စားကောင်းသောက်ဖွယ်စားနေချိန်တွေ ....။
တပ်မိသားစုတွေ မျက်ရည်နဲ့ လင်ယောက်ျား၊ဖခင်ကို စိုးရိမ်တကြီး ပူဆွေးနေချိန်၊
ခဗျားတို့က မိဘ၊သားမယားဘေးမှာထားပြီး စစ်ခွားမိသားစုလို့ ပြစ်တင်ပြောဆိုနေချိန်တွေ ....။
ရှည်ရှည်ဝေးဝေးမပြောချင်ဘူးဗျာ ...
တပ်ကိုလာပြီး မဲဆွယ်ခွင့်မပေးတာ ...
ခင်ဗျားတို့ ကံကောင်းတယ်မှတ်ပါ....။
တပ်တစ်တပ်ကိုဝင်ပြီး ခဗျားတို့ အသက်မပါပဲ ပြန်ထွက်သွားတဲ့အဖြစ်မျိုးမဖြစ်စေချင်လို့ဆိုတာ သိစေချင်တယ်၊ ခဗျားလုပ်ရပ်တွေကို ကျွန်တော်တို့ တပ်မိသားစုတွေ အရမ်းကိုရွံမုန်းနေခဲ့ပါပြီ။
ခဗျားတို့ရဲ့ ကလိန်ကကျစ်ဥာဏ်တွေနဲ့ တပ်ထဲလာပြီးသွေးခွဲ၊ မကွဲတဲ့အခါ လုပ်ဇတ်တွေနဲ့ ပြည်သူနဲ့ တပ်ကို သွေးခွဲတဲ့ ရှေးဟောင်းဗျူဟာတွေနဲ့ မဲဆွယ်ချင်တဲ့ ခဗျားတို့ရဲ့ အသုံးမကျတဲ့ ဥာဏ်တွေကို ဘေးဖယ်ထားလိုက်ပါ၊ ခုချိန်မှာ တပ်ကို မဲမဆွယ်ခင်၊ ပြည်သူကိုပဲ ရအောင် ခဗျားတို့ ဘာလုပ်ဆောင်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ အရင်မဲဆွယ်ကြည့် .....

Sunday, 7 June 2015







မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် ၂၀၁၅ ဆီးဂိမ်းစ် အုပ်စု(က) တတိယ ပွဲစဉ်အဖြစ် ဖိလစ်ပိုင် ယူ၂၃ အသင်းနှင့် ဒေသစံတော်ချိန် ယနေ့ည (၈း၃၀)နာရီက စင်ကာပူရှိ ဂျလန်ဘီဆာ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ (၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ်(၉)မှတ်ဖြင့် ဆီမီးဖိုင်နယ် သို့ တက်ရောက်သွားပြီဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဖိလစ်ပိုင် အသင်း ၁၆ မိနစ်တွင် မထင်မှတ်ဘဲ ဂိုးရရှိသွားသဖြင့် ချေပဂိုးပြန် ရရင် ကြိုးပမ်းခဲ့ရာ မိနစ် ၂၀ တွင်ရရှိသော ပြစ်ဒဏ်ဘောကို နေလင်းထွန်း အသုံးချ သွားနိုင်ခဲ့သဖြင့် ချေပဂိုး ရရှိခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း အပိုင်ကန်သွင်းခွင့်များ လွဲချော်ခဲ့သဖြင့် (၁-၁)ဂိုး သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း စသည်နှင့် မြန်မာအသင်း တိုက်စစ်လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက် ခဲ့ရာ ရှိုင်းသူရ ကန်သွင်းချက်ဖြင့် ဒုတိယဂိုး ရရှိခဲ့သည်။ ယင်းနောက် ပွဲချိန် ၆၂ မိနစ်တွင် ရဲဝင်းအောင်၊ ၆၉ မိနစ်တွင် စည်သူအောင်၊ ထပ်ဆောင်း အချိန်ပိုတွင် ကျော်ဇင်လွင်တို့ ဂိုးကိုယ်စီ သွင်းယူခဲ့သဖြင့် မြန်မာ အသင်း (၅-၁)ဂိုးဖြင့် အနိုင်ရကာ ရမှတ် ၉ မှတ်ဖြင့် ယခုနှစ် စင်ကာပူ ဆီးဂိမ်းစ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
" တစ်ပွဲစီ အနိုင်ရဖို့ ကြိုးစားခဲ့တယ်။ ၃ ပွဲဆက် အနိုင်ကြောင့် ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်အတွက် ယုံကြည်မှု ပိုရှိလာခဲ့ပါတယ်။ ပရိသတ် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပရိသတ်ကြောင့် အသင်းမှာ ယုံကြည်မှု ပိုရတာလည်း ပါပါတယ်။ ကစားသမားအချို့ကို နောက်ပွဲအတွက် အသင့်ဖြစ်နေအောင် လူစားထိုးမှု လုပ်ရတာပါ။ ဒီပွဲ ပထမပိုင်းမှာ အမြင့်ဘောတွေ အသုံးများခဲ့လို့ ထိရောက်မှု မရှိခဲ့သလို အမှားလည်းရှိခဲ့တယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ အနိမ့်ဘောတွေနဲ့ ထိုးဖောက်ဖို့၊ အမှားနည်းဖို့ သေသေချာချာ မှာခဲ့ပါတယ်။ ကစားသမားတွေ အနေနဲ့လည်း လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့လို့ ခုလို ရလဒ်ကောင်းတာပါ" ဟု နည်းပြချုပ် ဦးကြည်လွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် အုပ်စု နောက်ဆုံးပွဲစဉ် ကစားရမည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။





မြန်မာ - စင်္ကာပူ ဘောလုံးပွဲနဲ့ပတ်သက်တဲ့ ပိုစ့် တင်ပြီးနောက် ဦးရဲထွဋ် ကို
ရီပို့လုပ်သတဲ့
ဒါပေမယ့် ဖေ့ဘွတ်က သူတို့ စည်းမျဉ်းကို ချိုးဖောက်ခြင်းမရှိလို့ ဖယ်ရှားခြင်းမပြုဘူးလို့ ဦးရဲထွဋ် ကို အကြောင်းကြားပါတယ်။
စင်္ကာပူ ယူ ၂၃ အသင်းသားတွေရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ပတ်သက်ပြီး အင်တာနက်မှာ ရှာကြည့် တဲ့အခါ အချို့ အသင်းသားတွေမှာ မွေးဖွားရာဒေသ စင်္ကာပူလို့ ဖော်ပြထားတယ်။ တစ်ချို့မှာ မွေးဖွားရာဒေသဖော်ပြမထားဘူးလို့ပြောပါတယ်။
ဒါ့ကြောင့် အရင်အတွေ့အကြုံများအပေါ် အခြေခံပြီး မွေးစားသားလို့ ပြောမိတာကဖြစ်တာပါ။ လူမျိုး၊ ဘာသာ၊ အသားအရောင်ကို ခွဲခြားပြောတာမဟုတ်ပါဘူး။
မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ မြန်မာအသင်းဘက်က မခံနိုင်လို့ပြောတဲ့စကား။ ယုံကြည်လို့ ပြောတဲ့စကားကို လိုက်ပြီး ကန့်ကွက်နေသူတွေက ဘယ်သူတွေပါလိမ့်။ စင်္ကာပူနိုင်ငံသား များကတော့ မြန်မာလိုဖတ်တတ်မယ်မထင်ပါဘူး။ သေချာတာကတော့ မြန်မာနိုင်ငံမှာနေတဲ့...
တစ်တိုင်းတပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ရရှိရေးအတွက် ကျွန်တော်တို့ NCCT က အချိန်ယူပြီးတော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ UPWC နဲ့ ဆွေးဆွေးပွဲ ၇ ကြိမ်၊ အလွတ်သဘောအားဖြင့် ၂၀ ကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံး လွန်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် NCA မူကြမ်းတစ်စောင်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့လည်း အများကြီး ဂုဏ်ယူမိပါတယ်။ အသိအမှတ်ပြုတယ်။ မှတ်တမ်းလည်းတင်ပါတယ်။
NCA မူကြမ်းကို ကျွန်တော်တို့ အဖွဲ့အစည်းအသီးသီးရဲ့ အမြင်သဘောထား၊ အကြံပြုချက်၊ ထိတွေ့ချက်များကို မနေ့က အကျယ်တ၀င့် ဆွေးနွေးပေမယ့်လို့ မပြီးပြတ်သေးတဲ့အတွက်ကြောင့် ယနေ့ဆက်ပြီးတော့ တိုင်းရင်းသာခေါင်းဆောင်များ အကောင်းဆုံးအကြံဥာဏ်ပြုချက်များကို ဆက်လက်ပြီးပြုလုပ်ကြပါလို့ မေတ္တာရပ်ခံပါတယ်။
ဆက်လက်ပြီးတော့ ရရှိလာမယ့် စာချုပ်မူကြမ်းကြီးကို ဘယ်လိုအကောင်အထည်ဖော်သွားမလဲ၊ ဆက်ပြီးတော့ UPWC နဲ့ ဘယ်ပုံ ဘယ်နည်းဆက်လက်ပြီးတော့ ဆောင်ရွက်သွားမလဲဆိုတာကို လိုအပ်ပါက ကျွန်တော်တို့ အားလုံးရဲ့ သဘောထားထုတ်ပြန်ချက်ကိုလည်း ချမှတ်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ကြားသိခဲ့ရတာက သမ္မတသိန်းစိန်က NCA လက်မှတ်ထိုးဖို့ အဆင်သင့်ရှိနေပြီ။ ရှိတယ်။ ကျွန်တော်တို့ ကနေ့တိုင်းရင်းသား ထိပ်သီးအစည်းအဝေးပြီးလို့ရှိရင် လက်မှတ်ထိုးနိုင်ဖို့အတွက် သူတို့က မျှော်လင့်နေတယ်။ အလားတူပါပဲ ကုလသမဂ္ဂကလည်း လက်မှတ်ထိုးနိုင်ဖို့ ဆန္ဒရှိကြတယ်။ နောက်ပြီး အင်အားကြီးနိုင်ငံရဲ့ အာဆီယံခေါင်းဆောင်တွေကလည်း ဒီထိပ်သီးအစည်းအဝေးပွဲမှာ တစ်စုံတစ်ရာ သဘောထားတစ်ခု ချမှတ်နိုင်ရေးအတွက် NCA လက်မှတ် ထိုးနိုင်ရေး၊ မထိုးနိုင်ရေး ကိစ္စ၀ိစ္စတွေကို ပြင်ပဒေသနိုင်ငံတွေက စောင့်ကြည့်နေပါတယ်။
ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးဟာ အင်မတန်အရေးကြီးပါတယ်။
ကျွန်တော်တို့အတွက် သေရေး၊ ရှင်ရေးတစ်မျှ အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကတော့ ရှေ့ရေး နိုင်ငံရေး အခင်းအကျင်းဟာ ကျွန်တော်တို့ပဲ ဖန်တီးရမယ်။ ကျွန်တော်တို့ပဲ အဆုံးအဖြတ်ပေးရမယ်။
ကျွန်တော်တို့ နိုင်ငံရေးဟာ အရေးကြီးတဲ့ အချိန်အခါကာလမှာ ကျွန်တော်တို့က မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။ စစ်ရေးတကွက်မှားရင် လူသေပြီးတော့ နိုင်ငံရေးတကွက်မှားရင် လူတစ်သက် ကျွန်ခံရတယ်လို့ ဆိုပါတယ်။
ယခင်အချိန်ကာလတုန်းက ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံရေးမှာသော်လည်းကောင်း၊ စစ်ရေးမှာ သော်လည်းကောင်း မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဗမာပြည်အစိုးရ အဆက်ဆက်ရဲ့အောက်မှာ အလူးအလဲခံရတယ်။ ဖိနှိပ်ချုပ်ချယ်မှုခံရတယ်။ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာ အကြီးမားဆုံး ရရှိပြီးဖြစ်တယ်။
ရှေ့ဆက် နိုင်ငံရေးဟာ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲဆိုတာ အထူးအလေးထားဖို့လိုတယ်။ ကျွန်တ်ာတို့ ဗမာပြည်တွင်း နိုင်ငံရေးပြဿနာဟာ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးလိုလားတာက နိုင်ငံရေးဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ပါပဲ။
နိုင်ငံရေး ပြဿနာကို စားပွဲပေါ်မှာ ဖြေရှင်းဖို့ နိုင်ငံရေးပြဿနာတွေ ရှိနေချိန်မှာ မရှိဘူးဆိုတာ အားလုံးသဘောပေါက် လက်ခံစေချင်ပါတယ်။ ကျွန်တော်တို့ဟာ အကြိတ်အနယ် အပြေအလည် ဖြေရှင်းပေမယ့်လို့ မအောင်မြင်ဘူး။ နောက်ဆုံး ကနေ့အထိ နယ်စပ်မှာလည်း စစ်ရေးနည်းပဲ တိုက်ခိုက်နေတာ မပြီးဆုံးသေးဘူး ဖြစ်နေတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းဖို့ပဲဆိုတာ ကျွန်တော်တို့ အခိုင်အမာခံယူပါတယ်။
ဒါပေမယ့်လို့ နိုင်ငံရေး ဖြေရှင်းတဲ့အခါမှာ တရားမျှတဖို့၊ ကျွန်တော်တို့ရဲ့ လိုလားချက်နဲ့ပြည့်စုံဖို့ အင်မတန် အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားအားလုံးဟာ ဗမာပြည်မှာ မှီတင်းနေထိုင်တဲ့ အထူးသဖြင့် ပြည်နယ် ၇ ပြည်နယ်ဟာဆိုလို့ရှိရင် တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ပထ၀ီအနေအထားလည်း မတူပါဘူး။ လူမျိုးချင်းလည်း မတူဘူး။
ယဉ်ကျေးမှု ဘာသာစကားလည်း မတူဘူးဆိုတော့ အမျိုးမျိုးကွဲပြားခြားနားပေမယ့်လို့ ကျွန်တော်တို့ ကနေ့နိုင်ငံရေးခံယူချက်ကတော့ ဘုံကတစ်ခုပဲ အားလုံးသဘောတူ လက်ခံပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားအားလုံး လိုလားချက်ကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ အဓိက လိုလားချက်ဖြစ်တယ်။ ဘာသာစကား၊ ယဉ်ကျေးမှု မတူသည့်တိုင်အောင် နိုင်ငံရေးခံယူချက်ဟာ အတူတူဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးခံယူချက် ဖြစ်မြောက်အောင်မြင်နိုင်ရေးအတွက်ကတော့ အတူတကွ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ တစ်စုတစ်စည်းတည်း ငြိမ်းချမ်းရေး ရည်ရွယ်ချက်ပန်းတိုင် ရရှိနိုင်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါမှာ တစ်စုတစ်စည်းထက် သူတစ်ဖက် ငါတစ်ဖက်၊ သူတစ်ကိုယ် ငါတစ်မင်း တိုက်ပွဲဝင်ခဲ့တဲ့အတွက် လေးဖက်ထောက်ရတဲ့အထိ ကျွန်တော်တို့က အောင်မြင်မှုမရခဲ့ပါဘူး။
ဒီသင်ခန်းစာကိုယူပြီးတော့ ယခင်အချိန်ကာလတုန်းက ပုံစံမျိုး တကွဲတပြားမနေဘဲနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် အမြန်ဆုံး ရရှိနိုင်ရေးအတွက်ကတော့ တစ်စုတစ်စည်းတည်း စည်းစည်းလုံးလုံး တိုက်ပွဲဝင်ဖို့ပဲ လိုတယ်။
ယခင်အချိန်ကာလကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင်သဘောမျိုးတွေ ရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပညာပြတဲ့ပုံစံမျိုးရှိကြတော့ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့က အင်မတန် ခဲယဉ်းပါတယ်။
ဒီသင်ခန်းစာလည်း ရရှိပြီးတဲ့အတွက်ကြောင့် ကနေ့ဟာ ကျွန်တော်တို့ဟာ စုစည်းဖို့အင်မတန်အရေးကြီးတယ်။ အထူးသဖြင့် ဒီကနေ့ တိုင်းရင်းသားထိပ်သီးအစည်းအဝေးမှာကတော့ ကျွန်တော်တို့အတွက် သေရေး၊ ရှင်ရေးဖြစ်တဲ့အတွက်ကြောင့် အနာဂတ်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျွန်တော်တို့ပဲ ဖန်တီးရမယ်၊ ကျွန်တော်တို့ပဲ အဆုံးအဖြတ်ပေးရမယ့်အတွက်ကြောင့် ယနေ့တက်ရောက်လာကြတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်အားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားကြပြီး ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။
အထူးသဖြင့် ဒီကနေ့ အချိန်အခါဟာ တစ်တိုင်းတစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကိစ္စ၀ိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ လက်မှတ်ထိုးရေး၊ မထိုးရေးဆိုတာလည်း ဒီကနေ့အစည်းအဝေးထဲမှာ သဘောထားပေးရမှာဖြစ်တယ်။
အထူးသဖြင့် ကနေ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုမယ်။ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ရအောင် ဆေးနွေးဖြေရှင်းကြဖို့ အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် ကနေ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အားလုံးဟာ အလေးအနက် စဉ်းစားပြီးတော့ ထိပ်သီးအစည်းအဝေးမှာ ရလာဒ်အကောင်းဆုံး ထွက်လာနိုင်အောင် ၀ိုင်းဝန်းပြီး ကြိုးစားအကြံပေးကြပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်။


  မြန်မာ-တရုတ်နယ်စပ်တွင် ငါးရက်ကြာမြင့်ပြီဖြစ် သည့် တရုတ်တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ၎င်းတို့၏ စစ်ရေးစွမ်းရည်များကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အသားပေးဖော်ပြလျက်ရှိသည်။
မော်တော်ယာဉ်များနှင့် စစ် သားများရောက်ရှိရန်ခက်ခဲသော တောတောင်ချိုင့်ဝှမ်းထူထပ်ကာ မြင့်မားမတ်စောက်သည့် ဒေသ များတွင် အလွန်အရေးပါသော လေကြောင်း တိုက်ခိုက်ရေးကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့ဝင်များ လေ့ကျင့်လျက်ရှိသည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ၀က်ဘ် ဆိုက်၌ ဖော်ပြထားသည်။ ထို့ အတူ တရုတ်-မြန်မာနယ်စပ်အ နီး စစ်ရေးလေ့ကျင့်မှုတွင် ရန်သူ့ တည်နေရာအနေအထားကို ရှစ်စက္ကန့်အတွင်း ဖော်ထုတ်နိုင်ခဲ့ ကြောင်းသတင်းလည်း အသား ပေးဖော်ပြလာသည်ကို တွေ့ရ သည်။ ‘‘တပ်မတော်ဟာ ရန်သူကို ဟောင်ဝစ်ဇာ(အမြောက်အမျိုး အစားတစ်မျိုး)တွေနဲ့ပစ်လွှတ် တိုက်ခိုက်မှုတွေမလုပ်ခင်မှာ ရန် သူ့အနေအထားတည်နေရာကို ဖော်ထုတ်ဖို့ ထောက်လှမ်းရေးရေ ဒါက ရှစ်စက္ကန့်ပဲအသုံးပြုခဲ့ပါ တယ်’’ဟု တရုတ်ကာကွယ်ရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်၌ ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှု တွင်လည်း Zhi-9(Z9) ခေါ်တိုက် ခိုက်ရေး ရဟတ်ယာဉ်များ ပါဝင်ခဲ့သည်။ NATO အစီရင်ခံစာ တွင် Haitun ဟုအမည်တွင်သည့် Harbin Z-9 မှာ တရုတ်အခြေ စိုက်ဟာဘင် (လင်းပိုင်) လေ ယာဉ်ထုတ်လုပ်ရေးကော်ပိုရေး ရှင်းက ထုတ်လုပ်သည့်တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြစ်သည်။ ပြင်သစ်ယူရိုကော်ပတာ AS 365 လင်းပိုင်၏ လိုင်စင်ရ ဗားရှင်းတစ်ခုလည်းဖြစ်သည်။ Z-9W အနေဖြင့် တင့်ကားဖျက်ခြင်း၊ အနီးကပ်လေကြောင်း အထောက်အကူပေးခြင်း၊ လက်နက်ကိုင်ကင်းလှည့်ခြင်း၊ အကြမ်းဖက်တိုက်ဖျက်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်း အပါအ၀င် ကျယ်ပြန့်လှသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သည်။
လက်ရှိ စစ်ရေးလေ့ကျင့်နေသော Z-9 တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် အထူးကင်မရာများ တပ်ဆင်ထားပြီး စစ်သားများအနေဖြင့် ဒုံးကျည်ဖူးများ၏ တိုက်ခိုက်မှုကို မြင်နိုင် သည်ဟုဆိုသည်။
အမှတ် ၁၀၅(၁) နယ်ခြား မှတ်တိုင်မှ အမှတ် ၁၄၄(၄) နယ် ခြားမှတ်တိုင်အတွင်း တရုတ်ပြည် သူ့ လွတ်မြောက်ရေးတပ်မတော် ၏ လေ့ကျင့်မှုတွင်လေတပ်၊ အ မြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ မစ်ဆိုင်းဒုံးကျည်နှင့် ရေဒါတပ် အစရှိသည်တို့ပါဝင်ပစ်ခတ်လေ့ ကျင့်နေကြကြောင်း အတည်ပြု သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့်တရုတ်အစိုးရ၏ ယူနန်ပြည်နယ်တွင်းရှိ ဒေသဌာနများ၊ အမျိုးသား ကာကွယ်ရေး တပ်စု ဆောင်းပြင်ဆင်ရေး အေဂျင်စီ များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ လည်း စစ်ရေးလေ့ကျင်မှုတွင် ပါ ၀င်ကြောင်း တရုတ်သတင်းဌာန များက ဖော်ပြသည်။
နယ်စပ်တွင် စစ်ရေးလေ့ ကျင့်မှု၏ ရည်ရွယ်ချက်မှာစစ်တပ် ၏ လေ့ကျင့်လုပ်ဆောင်ချက်၊ ရန်သူ့ဘက်သို့ကင်းထောက်ခြင်း၊ ထိုးစစ်စွမ်းရည်၊ တပ်အင်အားစု စည်းပြင်ဆင်ခြင်းနှင့် ပြည်သူ့စစ် ဆိုင်ရာ အထောက်အပံ့တို့ကိုစမ်း သပ်ရန်ဖြစ်ကြောင်း PLA ချန်ဒူးစစ်ဒေသ ဗိုလ်မှူးကြီးတန်ကျိပင်း (Tang Jibing) က ဆင်ဟွာသတင်းအားပြောသည်။
၁၉၉၇ မတ်လ ၂၅ ရက်က နှစ်နိုင်ငံအစိုရတို့အကြား မြန်မာ- တရုတ်နယ်စပ်ဒေသများ စီမံခန့် ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆို ထားခဲ့သည်။ ယင်းစာချုပ်အရ အ ဆိုပါနယ်နိမိတ်ကိုဖြတ်ကျော်ပြီး လက်နက်ဖြင့် ပစ်ခတ်ခြင်းမပြုရ၊ နယ်နိမိတ်မျဉ်းအနီး ပေါက်ကွဲစေ တတ်သော ပစ္စည်းများဖောက်ခွဲ ရန်လိုအပ်ပါက အခြားစာချုပ်ဝင် နိုင်ငံကို အနည်းဆုံး ၂၄ နာရီ ကြို တင်အကြောင်းကြားရမည်ဖြစ် သည်။
တရုတ်လေတပ်၊ ကြည်းတပ် ၏ စစ်ရေးလေ့ကျင့်မှုနှင့်ပတ် သက်၍ ဇွန်လ ၁ ရက်က မြန်မာ ဘက် လောက်ကိုင်စစ်ဒေသကို တရုတ်ဘက် လင်ချန်းစစ်ဒေသ တာဝန်ရှိသူများက အသိပေးခဲ့ သည်။ စစ်ရေးလေ့ကျင့်မှုနှင့်ပတ် သက်၍ မြန်မာနိုင်ငံသို့သတင်း ပေးအကြောင်းကြားထားပြီးပြီဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က ဇွန်လ ၁ ရက်တွင်ကြေညာခဲ့ သည်။
သို့သော် ကြာမြင့်မည့် အ ချိန်ကာလကန့်သတ်ချက်တစ်စုံ တစ်ရာကို ယခုအချိန်ထိကြေညာ ခြင်းမရှိဘဲ တပ်ဖွဲ့ ၀င်အင်အား မည်မျှပါဝင်မည်ကိုလည်း ကြေညာခြင်း မရှိချေ။
တရုတ်တပ်မတော်၏ လက်ရှိ လေ့ကျင့်ရေး ဧရိယာသည် မြန်မာ အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း နယ် ကျော်၍ တရုတ်နိုင်ငံနယ်နိမိတ် အတွင်း လက်နက်ကြီးကျည်များ ကျရောက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ သော နေရာအနီး အခြေအနေ တင်းမာမှုရှိသည့်နယ်စပ်တွင်ဖြစ် သည်။
is အစ္စလာမ်မစ် အဖွဲ့ခေါင်းဆောင် ဘာဂဂါဒီက
မိန်းမလေးသန်းကို မအင်္ဂါဖြတ်တောက်ရန် အမိန်းထုတ်ပြန်ပြီ•••••
မိန်းကလေးငယ် အရွယ်မှ အသက်လေးဆယ်
ကျော်အထိ မအင်္ဂါဇာတ်ကို ဖြတ်တောက်ရမည်
ဆိုပါလား ကာမဂုဏ်ခံစားဖို့ဆိုတာ မိန်းမ
အတွက်မဟုတ်ဘူး ယောကျာ်းအတွက်သာ
ဆိုပြီးလည်းပြောထားပါတယ်•••••

ကဲ့မြန်မာပြည်မှ လူ့အခွင့်အရေး သမားဖြစ်ကြ
သော ဒေါ်စုကြည် ဦးဆောင်တဲ့ NLD ပါတီ လူ့အခွင့်အရေး
သမားတွေ အသံတိက်၍တော့ မနေကြပါနဲ့
တစ်ခုခုတော့ ဝေဖန်ချက် ထုတ်သင့်တယ်လို့
ထင်ပါတယ်•••••

ဘာပြောကြအုံးမှာလည်း ဒီလို IS အဖွဲ့က မိန်းမ
များအင်္ဂါဖြတ်ရန် ထုတ်ပြန်တာကို လူ့အခွင့်အရေးနဲ့ ကိုက်ညီတယ်လို့် နိုင်ငံတကာ
စံနှုန်းစံညွန့်နဲ့ ညီပါတယ်လို့ ထောက်ခံကြအုံးမှာ
လား•••••
မိမိတို့မြန်မာပြည်မှာ မြန်မာအမျိုးသမီးများ
အတွက် အမျိုးသမီးတို့ ရသင့်ရထိုက်တဲ့ အခွင့်
အရေးများ ရရှိလာအောင်ဆိုပြီး ရဟန်းသံဃာ
တော်များက ဦးဆောင်၍လုပ်သော မျိုးစောင့်
ဥပဒေကို လင်ခွေးမျိုးတွေဘက်က လိုက်ပြီး
တော့ နာကြတယ် မြန်မာအမျိုး သမီးများ လုံခြုံ
စွာနေရမယ့်အရေးကို မထောက်ခံသည့်အပြင်
ကန့်ကွက်ကြတယ်°°°°°
လူ့အခွင့်အရေးသမားဖြစ်ကြသော NLD ဒေါ်စုကြည် အပါအဝင် IS အဖွဲ့ခေါင်းဆောင်
ဘာဂဂါဒီ အခုလိုမိန်းမအင်္ဂါဖြတ်ရန် အမိန်းထုတ်
တာကို လူ့အခွင့်အရေးနဲ့ညီပြီး နိုင်ငံတကာ
စံနှုန်းစံညွန်းနဲ့ ကိုက်ညီပါတယ်လို့ပြောမလား
ပြောတဲ့သူကို?????
ကျနော်ကိုယ်တိုင် အင်္ဂါဇာတ်ကို လာဖြတ်ရပါ
လိမ့်မယ်

Saturday, 6 June 2015

အစိုးရတပ်မတော်နှင့် ‘၀’လက်နက်ကိုင်အဖွဲ့တို့သည် ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း၊ မိုင်းတုံ-ပုံပါကျင်ဒေသတွင် သစ် ထုတ်လုပ်သည့်ပြဿနာဖြင့် ထိပ် တိုက်တွေ့ကာ အပြန်အလှန် ၀ိုင်း ထားပြီး စစ်ရေးတင်းမာမှုရှိနေ ကြောင်း နှစ်ဖက်စလုံးမှ သတင်း ရရှိသည်။
ြေေမြေန်မာ-ထိုင်းနယ်စပ် ရှမ်း ပြည်နယ်အရှေ့တောင်ပိုင်း မိုင်း တုံနှင့်ပုံပါကျင်မြို့နယ်ခွဲအကြား ရှိ တောင်ခြေတွင် သစ်ထုတ်လုပ် နေသည့် ‘၀’ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်အချို့ကို ဇွန်လဆန်း၌ မိုင်းတုံအခြေစိုက် အစိုးရတပ်မ တော်နှင့်ရဲတပ်ဖွဲ့ ပူးပေါင်းစစ် ကြောင်းက ဖမ်းဆီးခဲ့ကြောင်း သ တင်းရရှိသည်။ ထို့နောက် ဇွန်လ ၄ ရက်မှစ၍ အစိုးရပူးပေါင်း လှုပ်ရှားစစ်ကြောင်းကို
UWSA တပ်ရင်းနှစ်ခုက ပတ် လည်ဝိုင်းထားသည်ဟုဆိုသည်။
‘‘နောက်ဆုံးအခြေအနေ သဲ သဲကွဲကွဲမသိသေးဘူး။ တို့သစ် တောတွေလည်း ရှိနေတယ်။ ရဲ လည်းရှိတယ်။ ပြည်ထောင်စု အ စိုးရ သစ်တောကဖမ်းတာပါ။ တပ်က ဖြေရှင်းရမှာပေါ့။ ဒါက လက်နက်ကိုင်ပြဿနာပဲ။သစ်က ခုတ်ရင်ဖမ်းမှာပဲလေ။ ဥပဒေအ ရ။ အခုဟာအစိုးရသစ်တောကြိုး ၀ိုင်းထဲကသစ်တွေ။ မိုင်းတုံက ‘၀’ နယ်နဲ့အဝေးကြီးပဲ။ ဖမ်းဆီးတဲ့ သစ်က တန် ၂၀၀ လောက်ရှိတယ်။ တပ်မတော်ကလည်း လုံခြုံရေးအ ရ ၀ိုင်းလုပ်ပေးနေတယ်’’ဟု ရှမ်း ပြည်နယ်အစိုးရသတ္တုနှင့်သစ် တောဝန်ကြီးဦးစိုင်းအိုက်ပေါင်း ကပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ် ရေးရာနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူအား 7Day Daily က ဆက်သွယ်မေးမြန်းခဲ့ရာ တောင်ကြီးသို့တက်လာရန်နှင့် သ တင်းဌာနနှင့် ကိုယ်တိုင်တွေ့မှ ပြောကြားလိုကြောင်း တုံ့ပြန်ဖြေ ကြားခဲ့သည်။
‘‘အခုထိဘာမှတော့မဖြစ် သေးဘူး။ ဆက်တော့ဝိုင်းထား တယ်။ ကျွန်တော်တို့အနေနဲ့ နေ ပြည်တော်ကိုရော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UWPC) ထံကို ရော အကြောင်းကြားတင်ပြထား ပါတယ်။ အခုဖြစ်တာက ကျွန် တော်တို့နယ်မြေပါ။ သစ်တန်ချိန် ကလည်း ၈၀ လောက်ပါ’’ဟု UWSP/UWSA ဗဟိုကော်မတီ ၀င် ဦးအောင်မြင့်ကပြောကြား သည်။
သျှမ်းသံတော်ဆင့်သတင်းဌာ န၏ ဖော်ပြချက်၌ သီးခြားအတည် ပြုချက်မရသေးသည့် သတင်းအ ရ ဖမ်းဆီးခံရသည့် ‘၀’တပ်ဖွဲ့ဝင် များတွင် ‘၀’တိုင်းရင်းသားမဟုတ် သည့် တရုတ်လူမျိုး ခြောက်ဦးပါ ၀င်သည်။ ၎င်းတို့ကို ‘၀’လက်ထဲ ပြန်အပ်ရန် လိုက်လံတောင်းဆို စဉ် ဇွန်လ ၄ ရက်၌ အာလူး တောင်ကြောတွင် ပစ်ခတ်တိုက် ခိုက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့သေး သည်။ အစိုးရတပ်မတော်နှင့်ရဲ တပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခဲ့သည့် သစ်ခုတ်သူမှာ ၁၆ ဦးဖြစ်ကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်နှင့် ‘၀’ ဒု ဥက္ကဋ္ဌ ဦးပေါက်ယိုယိတို့ ကျိုင်း တုံမြို့တွင်တွေ့ဆုံ ပြီး ရက်ပေါင်း ၂၀ ကျော်အကြာ၌ ယခုကဲ့သို့ အ စိုးရတပ်မတော်နှင့် ‘၀’တပ်ဖွဲ့ အ ကြား ပဋိပက္ခဖြစ်ပေါ်လာခြင်းဖြစ် သည်။
UWSA ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက် အကြီးဆုံးနှင့်အင်အား အတောင့်တင်းဆုံးအဖွဲ့အဖြစ် သတ်မှတ်ထားကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက် မန်းနှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုခွဲ ကာ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပြဋ္ဌာန်းထားသည်။ ပန်ဆန်း(ပန်းခမ်း)ကိုမြို့တော်အ ဖြစ်သတ်မှတ်ပြီး ဌာနချုပ်အခြေ စိုက်သည်။ UWSP/UWSA အ နေဖြင့် ‘၀’ထိန်းချုပ်နယ်မြေကို မြောက်ပိုင်း (တရုတ်နိုင်ငံနယ် စပ်)နှင့်တောင်ပိုင်း (ထိုင်းနိုင်ငံ နယ်စပ်)ဟူ၍ နှစ်ပိုင်းခွဲသတ်မှတ် ထားသည်။ မိုင်းတုံမြို့နယ် ပုံပါ ကျင်မြို့နယ်အပါအ၀င် တောင် ပိုင်းဒေသအချို့ကိုလည်း ၎င်းတို့ ၏ တောင်ပိုင်း ‘၀’တပ်ဖွဲ့ထိန်းချုပ် နယ်မြေအဖြစ် သတ်မှတ်ထား သည်။
သမိုင်းအထောက်အထား များအရ UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)ပြိုကွဲပြီး နောက် ပေါ်ပေါက်ခဲ့သည့်အဖွဲ့ ဖြစ်သည်။ UWSA လက်ရှိခေါင်း ဆောင် ဦးပေါက်ယိုချမ်သည် ၁၉၆၀  ပြည့်နှစ်များဆီက အင် အားတောင့်တင်းသော ဗကပသို့ ၀င်ရောက်ခဲ့ဖူးပြီး မြန်မာစစ် အစိုးရအား တိုက်ခိုက်ခဲ့သည်။ ၁၉၈၉ တွင် အခြေအနေမကောင်း တော့သည့် ဗကပမှခွဲထွက် ကြောင်းကြေညာပြီး ကိုယ်ပိုင် စစ်တပ်ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ မေလ ၉ ရက်က မြန်မာစစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးခဲ့သည်။
၁၉၉၃ မှ ၂၀၀၇ အကြား ၁၄ နှစ်ကြာလုပ်ငန်းစဉ်ဖြစ်သည့် စစ်အစိုးရ၏ အမျိုးသားညီလာခံ သို့ ‘၀’က တက်ရောက်ခဲ့ပြီး၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေထွက်ပေါ် လာသည့်အခါ ၎င်းတို့အတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုအ စိုးရက ထည့်သွင်းရေးဆွဲခဲ့သည်။ ၂၀၀၉ တွင် အစိုးရက နယ်ခြား စောင့်တပ်အဖြစ်အသွင်ပြောင်း ဖွဲ့စည်းခိုင်းသည့်အခါ ဆက်ဆံ ရေးတင်းမာခဲ့သည်။
ယင်းနောက် သမ္မတဦးသိန်း စိန်လက်ထက်တွင် အပစ်အခတ် ရပ်စဲရေးလက်မှတ် ပထမဆုံးရေး ထိုးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အဖြစ် ၂၀၁၁ စက်တင် ဘာ ၆ ရက်တွင်ရေးထိုးခဲ့သည်။ အချက်ခြောက်ချက်ပါသည့် ပြည်ထောင်စုအဆင့်သဘောတူ ညီချက်ကို ၂၀၁၁ ဒီဇင်ဘာ ၂၆ ရက်က သဘောတူခဲ့သည်။လက် ရှိအစိုးရလက်ထက်တွင် အစိုးရ တပ်မတော်နှင့် UWSA တို့ ပဋိပ က္ခဖြစ်ပွားတိုက်ခိုက်ခဲ့ဖူးခြင်းမရှိ ပေ။ ‘၀’ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ရန် ‘၀’ခေါင်းဆောင် များက တောင်းဆိုနေခဲ့ပြီး အစိုးရ ဘက်က လက်ခံခြင်းမရှိပေ။
သစ်ခုတ်သည့်ကိစ္စဖြင့် အစိုးရကဖမ်းဆီးထားသူများကို ဥပဒေအရ အရေးယူမည့်အပေါ် ‘၀’လက်နက်ကိုင်အဖွဲ့ကသဘော တူလိုက်ပြီး အပြန်အလှန်ဝိုင်းထား သည့် နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရေးကိုလည်း  နှစ်ဖက်ကြား  ဆွေးနွေးသဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးနှင့် ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါ တီ/တပ်မတော်(UWSP/UWSA) ဗဟိုကော်မတီဝင်ဦးအောင်မြင့် တို့ ဇွန်လ ၆ ရက်က ဖုန်းဖြင့်ဆက် သွယ်ဆွေးနွေးပြောကြားခဲ့ကြပြီး နောက် ယင်းကဲ့သို့ သဘောတူညီ ကြခြင်းဖြစ်သည်။
‘‘သစ်ခုတ်တဲ့အဖွဲ့အနေနဲ့ ဥပဒေအရဖြစ်တယ်ဆိုရင် ကျွန် တော်တို့ဘက်ကလက်ခံပါတယ်။ ဖမ်းထားတဲ့သူတွေကို တရားရုံး မှာ စစ်ဆေးဖို့တင်မယ်လို့ တိုင်မှူး ကပြောတယ်။ နှစ်ဖက်စလုံးတပ် တွေပြန်ရုပ်ဖို့လည်း သဘောတူ တယ်။ တိုင်းမှူးကလည်း သဘော ထားဆန္ဒရှိပါတယ်’’ဟု ဦးအောင် မြင့်ကပြောကြားသည်။ သို့သော် နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ၀ိုင်းထားသည့် မြန်မာ-ထိုင်းနယ် စပ် ရှမ်းပြည်နယ်အရှေ့တောင် ပိုင်း မိုင်းတုံ-ပုံပါကျင်ဒေသတွင် ဇွန်လ ၆ ရက်ညအထိ နှစ်ဖက် တပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ထိပ်တိုက် တွေ့ဝိုင်းထားဆဲဖြစ်ကြောင်း လည်း သတင်းရရှိသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရတပ်ဖွဲ့အား မေးမြန်းရန် ဇွန်လ ၆ ရက်ညတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှုမရှိပေ။
မိုင်းတုံနှင့်ပုံပါကျင်မြို့နယ် ခွဲကြားရှိ  တောင်ခြေတွင်  သစ် ထုတ်လုပ်နေသည့် UWSAတပ်ဖွဲ့  ၀င်အချို့ကို ဇွန်လဆန်း၌ မိုင်း တုံအခြေစိုက်အစိုးရတပ်မတော် နှင့် သစ်တော၊ ရဲတပ်ဖွဲ့တို့ပါဝင် သော  ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခဲ့သည်။ယင်းသို့ဖမ်းဆီးပြီး နောက် ဇွန်လ ၄ ရက်တွင် အစိုးရ ပူးပေါင်းလှုပ်ရှားစစ်ကြောင်းကို UWSA တပ်ရင်းနှစ်ရင်းက ၀ိုင်း ထားသည်ဟုဆိုသည်။
UWSA သစ်ခုတ်သည့်နေရာ မှာ ‘၀’ ထိန်းချုပ်နယ်မြေမဟုတ်ဘဲ အစိုးရသစ်တောကြိုးဝိုင်းအတွင်း ရှိ သစ်များဖြစ်ကြောင်း၊ ပြည် ထောင်စုအစိုးရ၏ ဖမ်းဆီးမှုဖြစ် ပြီး ဥပဒေအရ ဖမ်းဆီးခြင်းဖြစ် ကြောင်း၊ နှစ်ဖက်တပ်ဖွဲ့ထိပ်တိုက် တွေ့ဆုံမှုမှာမူ လက်နက်ကိုင်ပြ ဿနာဖြစ်၍ တပ်မတော်ကဖြေ ရှင်းရမည်ဖြစ်ကြောင်း ရှမ်းပြည် နယ်အစိုးရ သတ္တုနှင့်သစ်တောဝန် ကြီးဦးစိုင်းအိုက်ပေါင်းက 7 Day Daily အား ဇွန်လ ၆ ရက်တွင် ဖြေကြားခဲ့သည်။
အစိုးရတပ်မတော်နှင့်ရဲတပ် ဖွဲ့ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခဲ့သည့် သစ်ခုတ်သူမှာ ၁၆ ဦးဖြစ်ပြီး တရုတ်လူမျိုးခြောက်ဦး ပါဝင်နေကြောင်း သတင်းရရှိသည်။
နှစ်ပွဲဆက် အနိုင်ရရှိထားသည့် မြန်မာ ယူ-၂၃ အသင်း ယနေ့ ယှဉ်ပြိုင်ကစားရမည့် ဖိလစ်ပိုင်အသင်းနှင့်ပွဲတွင် အနိုင်ရရှိလျှင် ဆီမီးဖိုင်နယ်တက်ခွင့်ရမည်
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များကို ဇွန် ၇ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ပွဲဆက် အနိုင်ရရှိထားသည့် မြန်မာ ယူ-၂၃ အသင်းသည် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ယခုပွဲစဉ်မှာ မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရန် အရေးပါလျက်ရှိပြီး ဖိလစ်ပိုင်အသင်းကို အနိုင်ကစားလျှင် ဆီမီးတစ်aနရာ သေချာမည်ဖြစ်သည်။
ဇွန် ၆ ရက်ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ခြောက်မှတ်ဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိပြီး ဖိလစ်ပိုင်အသင်းမှာမူ နှစ်ပွဲစလုံးရှုံးနိမ့်ကာ အမှတ်မရရှိသေးပေ။ မြန်မာအသင်းသည် အုပ်စု၌ အင်အား အတောင့်တင်းဆုံးအသင်းများဖြစ်သည့် အင်ဒိုနီးရှားနှင့် အိမ်ရှင် စင်ကာပူအသင်းတို့ကို အနိုင်ကစားထားသော်လည်း ဆီမီးတက်ရောက်ရန်အတွက် ယခုပွဲစဉ်မှာ အရေးပါနေဆဲဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ အောင်မြင်မှု ကြီးကြီးမားမားမရှိသလို၊ ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ အောင်မြင်မှုမရရှိခဲ့မှုအပေါ် ပြန်လည်ချေဖျက်ရန် ကြိုးပမ်းလျက်ရှိပြီး ဆီမီးဖိုင်နယ်သို့ ပြန်လည်တက်ရောက်ခွင့်ရရှိရန် အခြေအနေကောင်းများ ပိုင်ဆိုင်နေပြီဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့ပြီး အုပ်စုအဆင့်တွင် ဖိလစ်ပိုင်အသင်းနှင့် တွေ့ဆုံရာတွင် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
အုပ်စုပွဲစဉ်များမှာ လာမည့် ဇွန် ၁၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး အုပ်စု(က)ပွဲစဉ်များကို ဂျလန်းဘီဆာကွင်းနှင့် အုပ်စု(ခ)ပွဲစဉ်များကို ဘစ်ရှန်းကွင်းတို့၌ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဘောလုံးအားကစားနည်းမှာ ပရိသတ်အများဆုံး လာရောက်ကြည့်ရှုသည့်ပြိုင်ပွဲဖြစ်နေပြီး အခြားအားကစားနည်းများ၌ ပရိသတ်ကြည့်ရှုမှုနူန်းမှာ နည်းပါးလျက်ရှိသည်။ ဘောလုံးပြိုင်ပွဲမှာ ဇွန် ၁၅ ရက်၌ ပြီးဆုံးမည်ဖြစ်သည်။
.